Friday, January 22, 2016

iPhone

Unicode Font
အိုင်ဖုန်း (အင်္ဂလိပ်: iPhone) သည် အက်ပဲကုမ္ပဏီမှ ထုတ်လုပ်သော စမတ်ဖုန်း အမျိုးအစား ဖြစ်သည်။ အိုင်ဖုန်းတွင် သူတို့ ကိုယ်ပိုင်ဖန်တီးထားသော လည်ပတ်မှုစနစ် အိုင်အိုအက်စ် (iOS ) ကို ထည့်သွင်းလည်ပတ်စေသည်။ အိုင်ဖုန်း ပထမမျိုးဆက် ကို ၂၀၀၇ ခုနှစ် ဇွန်လ ၂၉ ရက်နေ့တွင် စတင် ထုတ်ဝေခဲ့သည်။ အခုနောက်ဆုံးထွက်ရှိထားသော အိုင်ဖုန်းများမှာ အိုင်ဖုန်း ၆အက်စ် နှင့် အိုင်ဖုန်း ၆အက်စ်ပလက်စ် တို့ဖြစ်သည်။ အဆိုပါ အိုင်ဖုန်း ၆အက်စ်ကို ၂၀၁၅ ခုနှစ် စက်တင်ဘာလ ၈ ရက်နေ့မှာ မိတ်ဆက်ပြသခဲ့သည်။ [၁၄]
စာရိုက်ခုံ အတုအယောင်ပါဝင်သော ထိတွေ့မှု ဖန်သားပြင်စနစ်ဖြင့် တည်ဆောက်ထားသည်။ အိုင်ဖုန်းသည် ဝိုင်ဖိုင် (သို့) မိုဘိုင်းအင်တာနက် တို့ဖြင့် အင်တာနက် ဆက်သွယ်ချိတ်ဆက်နိုင်သည်။ ဓာတ်ပုံ ရိုက်နိုင်သည်၊ သီချင်းနားထောင်နိုင်သည်၊ အီးမေးလ် လက်ခံပြီး ပြန်လည်ပေးပို့နိုင်သည်၊ အင်တာနက် ကြည့်ရှုနိုင်သည်၊ စာတိုပေးပို့နိုင်သည်၊ မှတ်စု မှတ်သားနိုင်သည်၊ သင်္ချာတွက်ချက်နိုင်သည်၊ အသံပေးပို့နိုင်သည်။ အိုင်ဖုန်း ၃ဂျီအက်စ် မှ စတင်၍ ဗီဒီယိုပါ ရိုက်ကူးနိုင်သည်။ တခြားကုမ္ပဏီများမှ ထုတ်လုပ်ထားသော အက်ပလီကေးရှင်းများကို အလွယ်တကူ အက်ပလီကေးရှင်းစတိုးမှတဆင့် အသုံးပြုနိုင်သည်။ ၂၀၁၃ ခုနှစ် အောက်တိုဘာမှ စတင်၍ အက်ပလီကေးရှင်းစတိုးတွင် အက်ပလီကေးရှင်းစုစုပေါင်း ၁ သန်း ရှိကြောင်း ကြေငြာခဲ့သည်။
လက်ရှိတွင် အိုင်ဖုန်း မျိုးဆက် ၉ ဆက်ရှိပြီးဖြစ်ပြီး အိုင်ဖုန်း မျိုးဆက်တစ်ခုခြင်းဆီတွင် အိုင်ဖုန်းလည်ပတ်မှုစနစ် အိုင်အိုအက် တစ်ခုစီဖြင့် ထွက်ရှိသည်။ ပထမ မျိုးဆက် အိုင်ဖုန်းမှာ ဂျီအက်စ်အမ် ဖုန်းဖြစ်သည်။ ပထမ မျိုးဆက် ဒီဇိုင်းကို စံ ဒီဇိုင်းအဖြစ် ထားရှိပြီး မျက်နှာပြင်အကျယ်သာ ပြောင်းလဲသွားသည်။ မျက်နှာပြင်အကျယ် ကွဲပြားမှု (၄) ခု ရှိသည်။ အိုင်ဖုန်း ၃ဂျီ နှင့် အိုင်ဖုန်း ၃ဂျီအက်စ် တို့မှာ ၃ဂျီ ဆယ်လူလာ နက်ဝက် နှင့် တည်နေရာပြ ဂျီပီအက်စ် ကို အသုံးပြုနိုင်စွမ်းရှိသည်။ အိုင်ဖိုင်း ၃ဂျီအက်စ် တွင် ပိုမိုမြန်ဆန်သော ပရောဆက်ဆာ နှင့် ပိုမိုကောင်းမွန်သော ကင်မရာတို့ကို ပြောင်းလဲခဲ့သည်။ အိုင်ဖုန်း ၄ တွင် ရုပ်ထွက်ပိုမိုကောင်းမွန်သော မျက်နှာပြင်ကို ပြောင်းလဲခဲ့သည်။ ကင်မရာကိုလည်း 5MP ရှိ ကင်မရာကို တပ်ဆင်ခဲ့သည်။ အိုင်ဖုန်း ၄အက်စ်တွင် 8MP ကင်မရာကို ပြောင်းလဲခဲ့ပြီး ပရောဆက်ဆာကို နှစ်လုံးပြိုင်သုံးနိုင်သော Dual Processor A5 ကို ပြောင်းလဲခဲ့သည်။ ထို့နောက် အသံဖြင့် အမိန့်ပေးခိုင်းစေနိုင်တဲ့ Siri (စီရီ) ကိုလည်း မိတ်ဆက်ခဲ့သည်။ အိုင်ဖုန်း ၅ တွင် ပိုမိုမြန်ဆန်သော A6 ပရောဆက်ဆာ ကို အသုံးပြုခဲ့ပြီး မျက်နှာပြင်အကျယ်ကိုလည်း ၃.၅ လက်မ မှ ၄ လက်မ သို့ပြောင်းလဲခဲ့သည်။ 3G ထက် ပိုမိုကောင်းမွန်သော LTE ကွန်ရက်ကိုပါ ချိတ်ဆက်နိုင်စွမ်း ရှိသည်။ ပိုမိုကျစ်လစ်ကောင်းမွန်သော အားသွင်းကြိုးအသစ်ကိုလည်း မိတ်ဆက်ခဲ့သည်။ အိုင်ဖုန်း ၅စီ သည် အိုင်ဖုန်း ၅ နှင့် အတူတူပင် ဖြစ်သော်လည်း သတ္တုကိုယ်ထည်အစား ပလတ်စတစ် (ပိုလီကာဘွန်နိတ်) ကိုယ်ထည်ဖြင့် ဖြစ်သည်။ အိုင်ဖုန်း ၅အက်စ်သည် ပရော်ဆက်ဆာအသစ် A7 ပြောင်းလဲခဲ့ပြီး ပိုမိုကောင်းမွန်သော ကင်မရာကို ပြောင်းလဲခဲ့သည်။ သို့သော် MP ပြောင်းလဲခြင်း မရှိပေ။ အဓိက အသစ်အနေနဲ့ လက်ဗွေလုံခြုံရေးကို ထည့်သွင်းပေးခဲ့သည်။ အိုင်ဖုန်း ၆ နှင့် အိုင်ဖုန်း ၆ပလက်စ် တို့ကို ပိုမိုကြီးမားသော မျက်နှာပြင် များဖြင့် ထုတ်လုပ်ခဲ့သည်။ ၄.၇ လက်မ နှင့် ၅.၅ လက်မ အသီးသီးရှိကြသည်။ အိုင်ဖုန်း ၆အက်စ် နှင့် အိုင်ဖုန်း ၆အက်ပလက်စ် တွင် 12MP ရှိသော ကင်မရာများ ပါဝင်လာခဲ့သည်။ ထုတ်လုပ်ခဲ့သမျှ အိုင်ဖုန်းများတွင် အိုင်ဖုန်း ၃ဂျီအက်စ် မှာ ၁,၁၈၁ ရက်ဖြင့် အကြာဆုံး ရောင်းချခဲ့ပြီး သူ့နောက်မှာတော့ အိုင်ဖုန်း ၄ က ၁,၁၇၄ ရက်ဖြင့် ဒုတိယ အကြာဆုံး ရောင်းချခဲ့သည်။
အက်ပဲကုမ္ပဏီကို ၂၀၁၁ ခုနှစ်အတွက် တန်ဖိုးအရှိဆုံးကုမ္ပဏီအဖြစ် ရပ်တည်နိုင်ရန်အတွက် အိုင်ဖုန်း၏ ရောင်းအားသည် များစွာအထောက်အပံ့ဖြစ်စေခဲ့သည်။[၁၅] တခြားသော စမတ်ဖုန်းများသည်လည်း အိုင်ဖုန်း၏ ဒီဇိုင်းအတိုင်း ကီးဘုတ်များ မပါဝင်ဘဲ ထိတွေ့မှု မျက်နှာပြင်များအတိုင်း ဖြစ်လာခဲ့သည်။
၂၀၁၄ ခုနှစ်တွင် တစ်ကမ္ဘာလုံး အိုင်ဖုန်းအသုံးပြုမှုသည် ၁၅ ရာခိုင်နှုန်းခန့် ရှိသည်ဟု ဂေျပီ မော်ဂန်က ခန့်မှန်းခဲ့သည်။ ၂၀၁၄ ခုနှစ် မတ်လတွင် အိုင်ဖုန်းစုစုပေါင်း ရောင်းချရမှုသည် သန်း ၅၀၀ ရှိခဲ့သည်။ ၂၀၁၅ မတ်လ တွင် အိုင်ဖုန်း သန်း ၇၀၀ အထိ ရောင်းချခဲ့ပြီး ဖြစ်ကြောင်း အက်ပဲကုမ္ပဏီ၏ အမှုဆောင်အရာရှိ ဖြစ်သူ တင်ကွက်က ကြေငြာခဲ့သည်။ [၁၆]
မာတိကာ
·         ၁သမိုင်း
သမိုင်း
အိုင်ဖုန်းသည် ၂၀၀၇ ခုနှစ်မှရောင်းချခဲ့သော်လည်း၂၀၀၄ ခုနှစ်ကတည်းက အစပြုခဲ့သည်။ အက်ပဲကုမ္ပဏီ၏ ဖခင် စတိဗ်ဂျော့စ် သည် အဓိကဒီဇိုင်နာ ဂျွန်နတန် အိုင်ဗီ အပါအဝင် ဝန်ထမ်းအယောက် (၁၀၀၀) အားလျှို့ဝှက်စွာ စုစည်း၍ "ခရမ်းရောင် စီမံကိန်း" ကိုပြုလုပ်ရန် ဆို၍ စုစည်းခဲ့သည်။ အက်ပဲသည် အိုင်ဖုန်းအတွက် အမေရိကန် ဆက်သွယ်ရေး ကုမ္ပဏီကြီးဖြစ်တဲ့ AT&T နှင့် လျှို့ဝှက်စွာ ပူးပေါင်းခဲ့သည်။ အိုင်ဖုန်းထုတ်လုပ်ရန်အတွက် လပေါင်း (၃၀) အတွက် အမေရိကန် ဒေါ်လာ သန်း ၁၅၀ ကုန်ကျခဲ့သည်။
၂၀၀၇ ခုနှစ် ဇန်နဝါရိလ ၉ ရက်နေ့၊ မော့စ်ကွန်စင်တာ တွင် စတိဗ်ဂျော့စ် သည် အိုင်ဖုန်းကို မက်ခ်ဝေါ ၂၀၀၇ တွင် စတင်မိတ်ဆက်ခဲ့သည်။ အမျိုးအစား (၂) မျိုးထွက်ရှိလားပြီး 4GB အမျိုးအစားအတွက် ၄၉၉ ဒေါ်လာ၊ 8GB အမျိုးအစားအတွက်၅၉၉ ဒေါ်လာ ကုန်ကျခဲ့သည်။ ကုန်ကျစရိတ်အကုန်လုံးမှာ ၂ နှစ် စာချုပ်ဖြင့် ဖြစ်သည်။ ဇွန်လ ၂၉ ရက်နေ့တွင် ညနေ ၆ နာရီတွင် အမေရိကန်ပြည်ထောင်စုတွင် စတင်ရောင်းချခဲ့သည်။ နိုင်ငံတဝန်း ဝယ်ယူလိုသူ ရာနဲ့ ချီပြီး စတိုးဆိုင်အပြင်ဘက်မှာ တန်းစီစောင့်ဆိုင်းခဲ့ပါတယ်။ အိုင်ဖုန်းစတင်ရောင်းချခြင်းအပေါ် မီဒီယာများက "ဘုရားသခင်၏ဖုန်း" ဟု တုံ့ပြန်မှုပေးခဲ့ကြသည်။ အမေရိကန်တွင် စတင်ရောင်းချမှု အောင်မြင်ပြီးနောက်ပိုင်း ဗြိတိန်၊ ပြင်သစ်နိုင်ငံ၊ ဂျာမဏီနိုင်ငံ တို့တွင် ၂၀၀၇ နိုဝင်ဘာလ တွင် ဆက်လက်ရောင်းချခဲ့သည်။ အိုင်ယာလန်နိုင်ငံ နှင့် သြစတေးလျနိုင်ငံတွင်တွင် ၂၀၀၈ နွေဦးရာသီတွင် ရောင်းချခဲ့သည်။
၂၀၀၈ ခုနှစ် ဇွန်လိုင်လ ၁၁ ရက်နေ့မှာတော့ အိုင်ဖုန်း၏ ဒုတိယမျိုးဆက် အိုင်ဖုန်း ၃ဂျီ ကို ၂၂ နိုင်ငံတွင် စတင်မိတ်ဆက်ခဲ့သည်။ အိုင်ဖုန်း ၃ဂျီကို နိုင်ငံပေါင်း ၈၀ ကျော်အထိ တရားဝင်ရောင်းချနိုင်ခဲ့သည်။
၂၀၀၉ ခုနှစ် ဇွန်လ ၈ ရက်နေ့မှာတော့ တတိယမျိုးဆက် အိုင်ဖုန်း ၃ဂျီအက်စ်ကို မိတ်ဆက်ခဲ့သည်။ ဇွန်လ ၁၉ ရက်နေ့တွင် အမေရိကန်ပြည်ထောင်စု နှင့် ကနေဒါနိုင်ငံတို့အပြင် တခြား ဥရောပနိုင်ငံများတွင် စတင်ရောင်းချခဲ့သည်။ အိုင်ဖုန်း အသုံးပြုသူများ၏ ၄၀ ရာခိုင်နှုန်းသည် တစ်နှစ်ဝင်ငွေ ဒေါ်လာ ၁ သိန်း ရှိသူများ ဖြစ်ကြသည်။
ပထမမျိုးဆက် အိုင်ဖုန်း၏ နောက်ကျောအခွံကို အလူမီနီယံ နှင့် ပလတ်စတစ်ဖြင့်ပြုလုပ်ခဲ့သော်လည်း အိုင်ဖုန်း ၃ဂျီ နှင့် အိုင်ဖုန်း ၃ဂျီအက်စ် တို့ကို လိုင်းဆွဲအားပိုမိုကောင်းမွန်စေရန် ရည်ရွယ်ပြီး ပလတ်စတစ်သီးသန့်ဖြင့်ပြုလုပ်ခဲ့သည်။ အိုင်ဖုန်း ၃ဂျီ 8GB အမျိုးအစားကို အမည်းရောင်၊ 16GB အမျိုးအစားကို အဖြူ၊ အမည်း (၂) မျိုးဖြင့် ရောင်းချခဲ့သည်။ အိုင်ဖုန်း ၃ဂျီအက်စ်ကိုတော့ အဖြူ၊ အမည်း (၂) မျိုးလုံး ရရှိနိုင်သည်။
အိုင်ဖုန်း ၄ ကို မျက်နှာပြင်ကိုရော အနောက်ကျောကိုပါ မှန်ဖြင့်ပြုလုပ်ထားသည်။ စတိန်းလက်စတီး ဘောင်ဖြင့် ပြုလုပ်ထားပြီး အင်တာနာကို အဆိုပါစတီး ထဲတွင်တပ်ဆင်ထားသည်။ စစရောင်းခြင်းတွင် အမည်းရောင်ဖြင့် ထွက်ရှိလာခဲ့သည်။ အဖြူရောင်ကိုတော့ အမည်းရောင် ထွက်ရှိပြီး (၁၀) လအကြာ တွင် ထွက်ရှိလာခဲ့သည်။ အိုင်ဖုန်းသည် အသုံးပြုသူများထံမှ ကောင်းမွန်သော အသံများ ပြန်လည်ရရှိခဲ့သည်။ လူကြီး လူငယ်မရွေး အိုင်ဖုန်းကို နှစ်သက်ကြသည်။ သာမာန်အသုံးပြုသူများမက စီးပွားရေးအရ အသုံးပြုသူများကိုပါ ဆွဲဆောင်နိုင်ခဲ့သည်။
၂၀၁၁ ခုနှစ် ဇန်နဝါရီလ ၁၁ ရက်နေ့တွင် ဗာရီဇုန်ဆက်သွယ်ရေး ကုမ္ပဏီက အက်ပဲကုမ္ပဏီ နှင့် ပူးပေါင်း၍ CDMA အမျိုးအစား အိုင်ဖုန်း ၄ ကို စတင်ရောင်းချရန် စီစဉ်ခဲ့သည်။ ဖေဖော်ဝါရီ ၃ ရက်နေ့တွင် ကြိုတင်အမှာစာများ လက်ခံပြီး ဖေဖော်ဝါရီ ၁၀ ရက်နေ့တွင် စတင် ရောင်းချခဲ့သည်။ အိုင်ဖုန်း စတင်ရောင်းချခဲ့ချိန် ၂၀၀၇ ခုနှစ်မှ ၂၀၁၁ ခုနှစ်အထိ အိုင်ဖုန်း ကြေငြာတွက် ဒေါ်လာ ၆၄၇ သန်း ကို အမေရိကန် နိုင်ငံတွင် သုံးစွဲခဲ့သည်။
၂၀၁၁ ခုနှစ် အောက်တိုဘာ ၄ ရက်နေ့တွင် အက်ပဲကုမ္ပဏီရုံးချုပ်တွင် အိုင်ဖုန်း၏ နောက်မျိုးဆက် ဖြစ်လာမည့် အိုင်ဖုန်း ၄အက်စ် ကို မိတ်ဆက်ခြ့သည်။ စတင်ရောင်းချသည့် ၂၄ နာရီအတွင်း အလုံးရေ ၁ သန်း ရောင်းချသည်အထိ အိုင်ဖုန်း ၄အက်စ် အောင်မြင်ခဲ့သည်။ အဆိုပါ ၂၀၁၁ ခုနှစ်တွင် အက်ပဲကုမ္ပဏီ သည် နိုကီယာကုမ္ပဏီကို ကျော်ဖြတ်၍ ကမ္ဘာ့အကြီးဆုံး မိုဘိုင်းဟန်းဆက် ထုတ်လုပ်သည့်ကုမ္ပဏီ ဖြစ်လာခဲ့သည်။
၂၀၁၂ ခုနှစ် ဇန်နဝါရီလတွင် ကုမ္ပဏီ၏ ဝင်ငွေစုစုပေါင်း၏ ၅၃ ရာခိုင်နှုန်းသည် အိုင်ဖုန်းရောင်းချခဲ့ခြင်းမှ ရရှိခဲ့ပြီး ဝင်ငွေစုစုပေါင်း ဒေါ်လာ ၃၇ သန်း ရှိခဲ့သည်။ အိုင်ဖုန်း တစ်လုံးရောင်းရငွေမှာ ပျင်းမျှ ဒေါ်လာ ၆၂၂ နှင့် ဒေါ်လာ ၆၆၀၀ အတွင်း ရှိခဲ့သည်။ အိုင်ဖုန်း ၄ အက်စ် ၏ ထုတ်လုပ်မှုစရိတ် ခန့်မှန်းတန်ဖိုးမှာ ၁၆ဂစ် အတွက် ၁၈၈ ဒေါ်လာ၊ ၃၂ဂစ် အတွက် ၂၀၇ ဒေါ်လာ နှင့် ၆၄ဂစ် အတွက် ၂၄၅ ဒေါ်လာ အသီးသီးဖြစ်သည်ဟု ခန့်မှန်းခဲ့သည်။ ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလတွင် အမေရိကန်နိုင်ငံ မိုဘိုင်းသုံးစွဲသူ၏ ၁၂.၄ ရာခိုင်နှုန်းသည် အိုင်ဖုန်းများ အသုံးပြုနေကြသည်ဟု ConScore ၏ အစီရင်ခံစာမှ သိရသည်။ ခန့်မှန်း အိုင်ဖုန်းအလုံးရေ ၆.၄ သန်းမှာ အသုံးပြုနေကြသည်ဟု ခန့်မှန်းရရှိသည်။
၂၀၁၂ ခုနှစ် စက်တင်ဘာလတွင် အက်ပဲလ်ကုမ္ပဏီသည် အိုင်ဖုန်း၏ ပဉ္စမမြောက်မျိုးဆက် အိုင်ဖုန်း ၅ ကို မိတ်ဆက်ခဲ့သည်။ မျက်နှာပြင် အကျယ် ၄ လက်မ တခြားထွက်ရှိပြီးသား အိုင်ဖုန်းများထက် .၅ လက်မ ပိုမိုကျယ်ဝန်းသည်။ အက်ပဲမှ သူတို့၏ မူပိုင်A6 Processor ကို အသုံးပြုထားပြီး အဆိုပါ Processor မှာ အိုင်ဖုန်း ၄ အက်စ် ထက် ၂၂ ရာခိုင်နှုန်း ပိုမိုသေးငယ်ပြီး အလုပ်လုပ်နိုင်စွမ်းမှာ ၂ ဆ ပိုမိုမြန်ဆန်သည်။ အိုင်ဖုန်း ၅ မှာ အိုင်ဖုန်း ၄ အက်စ်ထက် ၂၀ ရာခိုင်နှုန်း ပိုမိုပျော့ပါးပြီး ၁၁၂ ဂရမ်သာလေးသည်။ အထူမှာလည်း ၁၈ ရာခိုင်နှုန်းအထိ ပိုမိုပါးလွှာပြီး အတိုင်းအတာ အနေဖြင့် ၇.၆ မီလီမီတာ သာ ရှိသည်။ ကမ္ဘာ့အပါးလွှာဆုံးဖုန်းအဖြစ် စာရင်းဝင်ခဲ့သည်။
၂၀၁၅ နိုဝင်ဘာအထိ အိုင်ဖုန်းအမျိုးအစား (၁၂) မျိုးထွက်ရှိထားပြီး (၅) မျိုးမှာ စျေးကွက်ထဲတွင် ရောင်းချနေသေးသည်။
·         အိုင်ဖုန်း (၂၀၀၇ - ၂၀၀၈)
·         အိုင်ဖုန်း ၃ဂျီ (၂၀၀၈ - ၂၀၁၀)
·         အိုင်ဖုန်း ၃ဂျီအက်စ် (၂၀၀၉ - ၂၀၁၂)
·         အိုင်ဖုန်း ၄ (၂၀၁၀ - ၂၀၁၄)
·         အိုင်ဖုန်း ၄အက်စ် (၂၀၁၁ - ၂၀၁၄)
·         အိုင်ဖုန်း ၅ (၂၀၁၂ - ၂၀၁၃)
·         အိုင်ဖုန်း ၅စီ (၂၀၁၃ - ၂၀၁၅)
·         အိုင်ဖုန်း ၅အက်စ် (၂၀၁၃ - ယနေ့အထိ)
·         အိုင်ဖုန်း ၆ (၂၀၁၄ - ယနေ့အထိ)
·         အိုင်ဖုန်း ၆ပလက်စ် (၂၀၁၄ - ယနေ့အထိ)
·         အိုင်ဖုန်း ၆အက်စ် (၂၀၁၅ - ယနေ့အထိ)
·         အိုင်ဖုန်း ၆အက်စ်ပလက်စ် (၂၀၁၅ - ယနေ့အထိ)
Zawgyi Font
အိုင္ဖုန္း (အဂၤလိပ္: iPhone) သည္ အက္ပဲကုမၸဏီမွ ထုတ္လုပ္ေသာ စမတ္ဖုန္း အမို်းအစား ျဖစ္သည္။ အိုင္ဖုန္းတြင္ သူတို့ ကိုယ္ပိုင္ဖန္တီးထားေသာ လည္ပတ္မႈစနစ္ အိုင္အိုအက္စ္ (iOS ) ကို ထည့္သြင္းလည္ပတ္ေစသည္။ အိုင္ဖုန္း ပထမမို်းဆက္ ကို ၂၀၀၇ ခုနွစ္ ဇြန္လ ၂၉ ရက္ေန့တြင္ စတင္ ထုတ္ေဝခဲ့သည္။ အခုေနာက္ဆံုးထြက္ရိွထားေသာ အိုင္ဖုန္းမ်ားမွာ အိုင္ဖုန္း ၆အက္စ္ နွင့္ အိုင္ဖုန္း ၆အက္စ္ပလက္စ္ တို့ျဖစ္သည္။ အဆိုပါ အိုင္ဖုန္း ၆အက္စ္ကို ၂၀၁၅ ခုနွစ္ စက္တင္ဘာလ ၈ ရက္ေန့မွာ မိတ္ဆက္ျပသခဲ့သည္။ [၁၄]
စာရိုက္ခံု အတုအေယာင္ပါဝင္ေသာ ထိေတြ့မႈ ဖန္သားျပင္စနစ္ျဖင့္ တည္ေဆာက္ထားသည္။ အိုင္ဖုန္းသည္ ဝိုင္ဖိုင္ (သို့) မိုဘိုင္းအင္တာနက္ တို့ျဖင့္ အင္တာနက္ ဆက္သြယ္ခိ်တ္ဆက္နိုင္သည္။ ဓာတ္ပံု ရိုက္နိုင္သည္၊ သီခ်င္းနားေထာင္နိုင္သည္၊ အီးေမးလ္ လက္ခံျပီး ျပန္လည္ေပးပို့နိုင္သည္၊ အင္တာနက္ ၾကည့္ရႈနိုင္သည္၊ စာတိုေပးပို့နိုင္သည္၊ မွတ္စု မွတ္သားနိုင္သည္၊ သခၤ်ာတြက္ခ်က္နိုင္သည္၊ အသံေပးပို့နိုင္သည္။ အိုင္ဖုန္း ၃ဂီ်အက္စ္ မွ စတင္၍ ဗီဒီယိုပါ ရိုက္ကူးနိုင္သည္။ တျခားကုမၸဏီမ်ားမွ ထုတ္လုပ္ထားေသာ အက္ပလီေကးရွင္းမ်ားကို အလြယ္တကူ အက္ပလီေကးရွင္းစတိုးမွတဆင့္ အသံုးျပုနိုင္သည္။ ၂၀၁၃ ခုနွစ္ ေအာက္တိုဘာမွ စတင္၍ အက္ပလီေကးရွင္းစတိုးတြင္ အက္ပလီေကးရွင္းစုစုေပါင္း ၁ သန္း ရိွေၾကာင္း ေၾကျငာခဲ့သည္။
လက္ရိွတြင္ အိုင္ဖုန္း မို်းဆက္ ၉ ဆက္ရိွျပီးျဖစ္ျပီး အိုင္ဖုန္း မို်းဆက္တစ္ခုျခင္းဆီတြင္ အိုင္ဖုန္းလည္ပတ္မႈစနစ္ အိုင္အိုအက္ တစ္ခုစီျဖင့္ ထြက္ရိွသည္။ ပထမ မို်းဆက္ အိုင္ဖုန္းမွာ ဂီ်အက္စ္အမ္ ဖုန္းျဖစ္သည္။ ပထမ မို်းဆက္ ဒီဇိုင္းကို စံ ဒီဇိုင္းအျဖစ္ ထားရိွျပီး မ်က္နွာျပင္အက်ယ္သာ ေျပာင္းလဲသြားသည္။ မ်က္နွာျပင္အက်ယ္ ကဲြျပားမႈ () ခု ရိွသည္။ အိုင္ဖုန္း ၃ဂီ် နွင့္ အိုင္ဖုန္း ၃ဂီ်အက္စ္ တို့မွာ ၃ဂီ် ဆယ္လူလာ နက္ဝက္ နွင့္ တည္ေနရာျပ ဂီ်ပီအက္စ္ ကို အသံုးျပုနိုင္စြမ္းရိွသည္။ အိုင္ဖိုင္း ၃ဂီ်အက္စ္ တြင္ ပိုမိုျမန္ဆန္ေသာ ပေရာဆက္ဆာ နွင့္ ပိုမိုေကာင္းမြန္ေသာ ကင္မရာတို့ကို ေျပာင္းလဲခဲ့သည္။ အိုင္ဖုန္း ၄ တြင္ ရုပ္ထြက္ပိုမိုေကာင္းမြန္ေသာ မ်က္နွာျပင္ကို ေျပာင္းလဲခဲ့သည္။ ကင္မရာကိုလည္း 5MP ရိွ ကင္မရာကို တပ္ဆင္ခဲ့သည္။ အိုင္ဖုန္း ၄အက္စ္တြင္ 8MP ကင္မရာကို ေျပာင္းလဲခဲ့ျပီး ပေရာဆက္ဆာကို နွစ္လံုးျပိုင္သံုးနိုင္ေသာ Dual Processor A5 ကို ေျပာင္းလဲခဲ့သည္။ ထို့ေနာက္ အသံျဖင့္ အမိန့္ေပးခိုင္းေစနိုင္တဲ့ Siri (စီရီ) ကိုလည္း မိတ္ဆက္ခဲ့သည္။ အိုင္ဖုန္း ၅ တြင္ ပိုမိုျမန္ဆန္ေသာ A6 ပေရာဆက္ဆာ ကို အသံုးျပုခဲ့ျပီး မ်က္နွာျပင္အက်ယ္ကိုလည္း ၃.၅ လက္မ မွ ၄ လက္မ သို့ေျပာင္းလဲခဲ့သည္။ 3G ထက္ ပိုမိုေကာင္းမြန္ေသာ LTE ကြန္ရက္ကိုပါ ခိ်တ္ဆက္နိုင္စြမ္း ရိွသည္။ ပိုမိုက်စ္လစ္ေကာင္းမြန္ေသာ အားသြင္းၾကိုးအသစ္ကိုလည္း မိတ္ဆက္ခဲ့သည္။ အိုင္ဖုန္း ၅စီ သည္ အိုင္ဖုန္း ၅ နွင့္ အတူတူပင္ ျဖစ္ေသာ္လည္း သတၱုကိုယ္ထည္အစား ပလတ္စတစ္ (ပိုလီကာဘြန္နိတ္) ကိုယ္ထည္ျဖင့္ ျဖစ္သည္။ အိုင္ဖုန္း ၅အက္စ္သည္ ပေရာ္ဆက္ဆာအသစ္ A7 ေျပာင္းလဲခဲ့ျပီး ပိုမိုေကာင္းမြန္ေသာ ကင္မရာကို ေျပာင္းလဲခဲ့သည္။ သို့ေသာ္ MP ေျပာင္းလဲျခင္း မရိွေပ။ အဓိက အသစ္အေနနဲ့ လက္ေဗြလံုျခံုေရးကို ထည့္သြင္းေပးခဲ့သည္။ အိုင္ဖုန္း ၆ နွင့္ အိုင္ဖုန္း ၆ပလက္စ္ တို့ကို ပိုမိုၾကီးမားေသာ မ်က္နွာျပင္ မ်ားျဖင့္ ထုတ္လုပ္ခဲ့သည္။ ၄.၇ လက္မ နွင့္ ၅.၅ လက္မ အသီးသီးရိွၾကသည္။ အိုင္ဖုန္း ၆အက္စ္ နွင့္ အိုင္ဖုန္း ၆အက္ပလက္စ္ တြင္ 12MP ရိွေသာ ကင္မရာမ်ား ပါဝင္လာခဲ့သည္။ ထုတ္လုပ္ခဲ့သမွ် အိုင္ဖုန္းမ်ားတြင္ အိုင္ဖုန္း ၃ဂီ်အက္စ္ မွာ ၁,၁၈၁ ရက္ျဖင့္ အၾကာဆံုး ေရာင္းခ်ခဲ့ျပီး သူ့ေနာက္မွာေတာ့ အိုင္ဖုန္း ၄ က ၁,၁၇၄ ရက္ျဖင့္ ဒုတိယ အၾကာဆံုး ေရာင္းခ်ခဲ့သည္။
အက္ပဲကုမၸဏီကို ၂၀၁၁ ခုနွစ္အတြက္ တန္ဖိုးအရိွဆံုးကုမၸဏီအျဖစ္ ရပ္တည္နိုင္ရန္အတြက္ အိုင္ဖုန္း၏ ေရာင္းအားသည္ မ်ားစြာအေထာက္အပံ့ျဖစ္ေစခဲ့သည္။[၁၅] တျခားေသာ စမတ္ဖုန္းမ်ားသည္လည္း အိုင္ဖုန္း၏ ဒီဇိုင္းအတိုင္း ကီးဘုတ္မ်ား မပါဝင္ဘဲ ထိေတြ့မႈ မ်က္နွာျပင္မ်ားအတိုင္း ျဖစ္လာခဲ့သည္။
၂၀၁၄ ခုနွစ္တြင္ တစ္ကမၻာလံုး အိုင္ဖုန္းအသံုးျပုမႈသည္ ၁၅ ရာခိုင္နႈန္းခန့္ ရိွသည္ဟု ေဂ်ပီ ေမာ္ဂန္က ခန့္မွန္းခဲ့သည္။ ၂၀၁၄ ခုနွစ္ မတ္လတြင္ အိုင္ဖုန္းစုစုေပါင္း ေရာင္းခ်ရမႈသည္ သန္း ၅၀၀ ရိွခဲ့သည္။ ၂၀၁၅ မတ္လ တြင္ အိုင္ဖုန္း သန္း ၇၀၀ အထိ ေရာင္းခ်ခဲ့ျပီး ျဖစ္ေၾကာင္း အက္ပဲကုမၸဏီ၏ အမႈေဆာင္အရာရိွ ျဖစ္သူ တင္ကြက္က ေၾကျငာခဲ့သည္။ [၁၆]
မာတိကာ
•           ၁သမိုင္း
•           ၂ထုတ္လုပ္ထားေသာ အိုင္ဖုန္းမ်ား
•           ၃အိုင္ဖုန္း ထုတ္လုပ္မႈ အခိ်န္မွတ္တမ္း
သမိုင္း
အိုင္ဖုန္းသည္ ၂၀၀၇ ခုနွစ္မွေရာင္းခ်ခဲ့ေသာ္လည္း၂၀၀၄ ခုနွစ္ကတည္းက အစျပုခဲ့သည္။ အက္ပဲကုမၸဏီ၏ ဖခင္ စတိဗ္ေဂ်ာ့စ္ သည္ အဓိကဒီဇိုင္နာ ဂြ်န္နတန္ အိုင္ဗီ အပါအဝင္ ဝန္ထမ္းအေယာက္ (၁၀၀၀) အားလိွု့်ဝွက္စြာ စုစည္း၍ "ခရမ္းေရာင္ စီမံကိန္း" ကိုျပုလုပ္ရန္ ဆို၍ စုစည္းခဲ့သည္။ အက္ပဲသည္ အိုင္ဖုန္းအတြက္ အေမရိကန္ ဆက္သြယ္ေရး ကုမၸဏီၾကီးျဖစ္တဲ့ AT&T နွင့္ လိွု့်ဝွက္စြာ ပူးေပါင္းခဲ့သည္။ အိုင္ဖုန္းထုတ္လုပ္ရန္အတြက္ လေပါင္း (၃၀) အတြက္ အေမရိကန္ ေဒၚလာ သန္း ၁၅၀ ကုန္က်ခဲ့သည္။
၂၀၀၇ ခုနွစ္ ဇန္နဝါရိလ ၉ ရက္ေန့၊ ေမာ့စ္ကြန္စင္တာ တြင္ စတိဗ္ေဂ်ာ့စ္ သည္ အိုင္ဖုန္းကို မက္ခ္ေဝါ ၂၀၀၇ တြင္ စတင္မိတ္ဆက္ခဲ့သည္။ အမို်းအစား () မို်းထြက္ရိွလားျပီး 4GB အမို်းအစားအတြက္ ၄၉၉ ေဒၚလာ၊ 8GB အမို်းအစားအတြက္၅၉၉ ေဒၚလာ ကုန္က်ခဲ့သည္။ ကုန္က်စရိတ္အကုန္လံုးမွာ ၂ နွစ္ စာခု်ပ္ျဖင့္ ျဖစ္သည္။ ဇြန္လ ၂၉ ရက္ေန့တြင္ ညေန ၆ နာရီတြင္ အေမရိကန္ျပည္ေထာင္စုတြင္ စတင္ေရာင္းခ်ခဲ့သည္။ နိုင္ငံတဝန္း ဝယ္ယူလိုသူ ရာနဲ့ ခီ်ျပီး စတိုးဆိုင္အျပင္ဘက္မွာ တန္းစီေစာင့္ဆိုင္းခဲ့ပါတယ္။ အိုင္ဖုန္းစတင္ေရာင္းခ်ျခင္းအေပၚ မီဒီယာမ်ားက "ဘုရားသခင္၏ဖုန္း" ဟု တံု့ျပန္မႈေပးခဲ့ၾကသည္။ အေမရိကန္တြင္ စတင္ေရာင္းခ်မႈ ေအာင္ျမင္ျပီးေနာက္ပိုင္း ျဗိတိန္၊ ျပင္သစ္နိုင္ငံ၊ ဂ်ာမဏီနိုင္ငံ တို့တြင္ ၂၀၀၇ နိုဝင္ဘာလ တြင္ ဆက္လက္ေရာင္းခ်ခဲ့သည္။ အိုင္ယာလန္နိုင္ငံ နွင့္ ၾသစေတးလ်နိုင္ငံတြင္တြင္ ၂၀၀၈ ေနြဦးရာသီတြင္ ေရာင္းခ်ခဲ့သည္။
၂၀၀၈ ခုနွစ္ ဇြန္လိုင္လ ၁၁ ရက္ေန့မွာေတာ့ အိုင္ဖုန္း၏ ဒုတိယမို်းဆက္ အိုင္ဖုန္း ၃ဂီ် ကို ၂၂ နိုင္ငံတြင္ စတင္မိတ္ဆက္ခဲ့သည္။ အိုင္ဖုန္း ၃ဂီ်ကို နိုင္ငံေပါင္း ၈၀ ေက်ာ္အထိ တရားဝင္ေရာင္းခ်နိုင္ခဲ့သည္။
၂၀၀၉ ခုနွစ္ ဇြန္လ ၈ ရက္ေန့မွာေတာ့ တတိယမို်းဆက္ အိုင္ဖုန္း ၃ဂီ်အက္စ္ကို မိတ္ဆက္ခဲ့သည္။ ဇြန္လ ၁၉ ရက္ေန့တြင္ အေမရိကန္ျပည္ေထာင္စု နွင့္ ကေနဒါနိုင္ငံတို့အျပင္ တျခား ဥေရာပနိုင္ငံမ်ားတြင္ စတင္ေရာင္းခ်ခဲ့သည္။ အိုင္ဖုန္း အသံုးျပုသူမ်ား၏ ၄၀ ရာခိုင္နႈန္းသည္ တစ္နွစ္ဝင္ေငြ ေဒၚလာ ၁ သိန္း ရိွသူမ်ား ျဖစ္ၾကသည္။
ပထမမို်းဆက္ အိုင္ဖုန္း၏ ေနာက္ေက်ာအခံြကို အလူမီနီယံ နွင့္ ပလတ္စတစ္ျဖင့္ျပုလုပ္ခဲ့ေသာ္လည္း အိုင္ဖုန္း ၃ဂီ် နွင့္ အိုင္ဖုန္း ၃ဂီ်အက္စ္ တို့ကို လိုင္းဆဲြအားပိုမိုေကာင္းမြန္ေစရန္ ရည္ရြယ္ျပီး ပလတ္စတစ္သီးသန့္ျဖင့္ျပုလုပ္ခဲ့သည္။ အိုင္ဖုန္း ၃ဂီ် 8GB အမို်းအစားကို အမည္းေရာင္၊ 16GB အမို်းအစားကို အျဖူ၊ အမည္း () မို်းျဖင့္ ေရာင္းခ်ခဲ့သည္။ အိုင္ဖုန္း ၃ဂီ်အက္စ္ကိုေတာ့ အျဖူ၊ အမည္း () မို်းလံုး ရရိွနိုင္သည္။
အိုင္ဖုန္း ၄ ကို မ်က္နွာျပင္ကိုေရာ အေနာက္ေက်ာကိုပါ မွန္ျဖင့္ျပုလုပ္ထားသည္။ စတိန္းလက္စတီး ေဘာင္ျဖင့္ ျပုလုပ္ထားျပီး အင္တာနာကို အဆိုပါစတီး ထဲတြင္တပ္ဆင္ထားသည္။ စစေရာင္းျခင္းတြင္ အမည္းေရာင္ျဖင့္ ထြက္ရိွလာခဲ့သည္။ အျဖူေရာင္ကိုေတာ့ အမည္းေရာင္ ထြက္ရိွျပီး (၁၀) လအၾကာ တြင္ ထြက္ရိွလာခဲ့သည္။ အိုင္ဖုန္းသည္ အသံုးျပုသူမ်ားထံမွ ေကာင္းမြန္ေသာ အသံမ်ား ျပန္လည္ရရိွခဲ့သည္။ လူၾကီး လူငယ္မေရြး အိုင္ဖုန္းကို နွစ္သက္ၾကသည္။ သာမာန္အသံုးျပုသူမ်ားမက စီးပြားေရးအရ အသံုးျပုသူမ်ားကိုပါ ဆဲြေဆာင္နိုင္ခဲ့သည္။
၂၀၁၁ ခုနွစ္ ဇန္နဝါရီလ ၁၁ ရက္ေန့တြင္ ဗာရီဇုန္ဆက္သြယ္ေရး ကုမၸဏီက အက္ပဲကုမၸဏီ နွင့္ ပူးေပါင္း၍ CDMA အမို်းအစား အိုင္ဖုန္း ၄ ကို စတင္ေရာင္းခ်ရန္ စီစဉ္ခဲ့သည္။ ေဖေဖာ္ဝါရီ ၃ ရက္ေန့တြင္ ၾကိုတင္အမွာစာမ်ား လက္ခံျပီး ေဖေဖာ္ဝါရီ ၁၀ ရက္ေန့တြင္ စတင္ ေရာင္းခ်ခဲ့သည္။ အိုင္ဖုန္း စတင္ေရာင္းခ်ခဲ့ခိ်န္ ၂၀၀၇ ခုနွစ္မွ ၂၀၁၁ ခုနွစ္အထိ အိုင္ဖုန္း ေၾကျငာတြက္ ေဒၚလာ ၆၄၇ သန္း ကို အေမရိကန္ နိုင္ငံတြင္ သံုးစဲြခဲ့သည္။
၂၀၁၁ ခုနွစ္ ေအာက္တိုဘာ ၄ ရက္ေန့တြင္ အက္ပဲကုမၸဏီရံုးခု်ပ္တြင္ အိုင္ဖုန္း၏ ေနာက္မို်းဆက္ ျဖစ္လာမည့္ အိုင္ဖုန္း ၄အက္စ္ ကို မိတ္ဆက္ျခ့သည္။ စတင္ေရာင္းခ်သည့္ ၂၄ နာရီအတြင္း အလံုးေရ ၁ သန္း ေရာင္းခ်သည္အထိ အိုင္ဖုန္း ၄အက္စ္ ေအာင္ျမင္ခဲ့သည္။ အဆိုပါ ၂၀၁၁ ခုနွစ္တြင္ အက္ပဲကုမၸဏီ သည္ နိုကီယာကုမၸဏီကို ေက်ာ္ျဖတ္၍ ကမၻာ့အၾကီးဆံုး မိုဘိုင္းဟန္းဆက္ ထုတ္လုပ္သည့္ကုမၸဏီ ျဖစ္လာခဲ့သည္။
၂၀၁၂ ခုနွစ္ ဇန္နဝါရီလတြင္ ကုမၸဏီ၏ ဝင္ေငြစုစုေပါင္း၏ ၅၃ ရာခိုင္နႈန္းသည္ အိုင္ဖုန္းေရာင္းခ်ခဲ့ျခင္းမွ ရရိွခဲ့ျပီး ဝင္ေငြစုစုေပါင္း ေဒၚလာ ၃၇ သန္း ရိွခဲ့သည္။ အိုင္ဖုန္း တစ္လံုးေရာင္းရေငြမွာ ပ်င္းမွ် ေဒၚလာ ၆၂၂ နွင့္ ေဒၚလာ ၆၆၀၀ အတြင္း ရိွခဲ့သည္။ အိုင္ဖုန္း ၄ အက္စ္ ၏ ထုတ္လုပ္မႈစရိတ္ ခန့္မွန္းတန္ဖိုးမွာ ၁၆ဂစ္ အတြက္ ၁၈၈ ေဒၚလာ၊ ၃၂ဂစ္ အတြက္ ၂၀၇ ေဒၚလာ နွင့္ ၆၄ဂစ္ အတြက္ ၂၄၅ ေဒၚလာ အသီးသီးျဖစ္သည္ဟု ခန့္မွန္းခဲ့သည္။ ၂၀၁၂ ခုနွစ္ ေဖေဖာ္ဝါရီလတြင္ အေမရိကန္နိုင္ငံ မိုဘိုင္းသံုးစဲြသူ၏ ၁၂.၄ ရာခိုင္နႈန္းသည္ အိုင္ဖုန္းမ်ား အသံုးျပုေနၾကသည္ဟု ConScore ၏ အစီရင္ခံစာမွ သိရသည္။ ခန့္မွန္း အိုင္ဖုန္းအလံုးေရ ၆.၄ သန္းမွာ အသံုးျပုေနၾကသည္ဟု ခန့္မွန္းရရိွသည္။
၂၀၁၂ ခုနွစ္ စက္တင္ဘာလတြင္ အက္ပဲလ္ကုမၸဏီသည္ အိုင္ဖုန္း၏ ပဉၥမေျမာက္မို်းဆက္ အိုင္ဖုန္း ၅ ကို မိတ္ဆက္ခဲ့သည္။ မ်က္နွာျပင္ အက်ယ္ ၄ လက္မ တျခားထြက္ရိွျပီးသား အိုင္ဖုန္းမ်ားထက္ .၅ လက္မ ပိုမိုက်ယ္ဝန္းသည္။ အက္ပဲမွ သူတို့၏ မူပိုင္A6 Processor ကို အသံုးျပုထားျပီး အဆိုပါ Processor မွာ အိုင္ဖုန္း ၄ အက္စ္ ထက္ ၂၂ ရာခိုင္နႈန္း ပိုမိုေသးငယ္ျပီး အလုပ္လုပ္နိုင္စြမ္းမွာ ၂ ဆ ပိုမိုျမန္ဆန္သည္။ အိုင္ဖုန္း ၅ မွာ အိုင္ဖုန္း ၄ အက္စ္ထက္ ၂၀ ရာခိုင္နႈန္း ပိုမိုေပ်ာ့ပါးျပီး ၁၁၂ ဂရမ္သာေလးသည္။ အထူမွာလည္း ၁၈ ရာခိုင္နႈန္းအထိ ပိုမိုပါးလွြာျပီး အတိုင္းအတာ အေနျဖင့္ ၇.၆ မီလီမီတာ သာ ရိွသည္။ ကမၻာ့အပါးလွြာဆံုးဖုန္းအျဖစ္ စာရင္းဝင္ခဲ့သည္။
ထုတ္လုပ္ထားေသာ အိုင္ဖုန္းမ်ား
၂၀၁၅ နိုဝင္ဘာအထိ အိုင္ဖုန္းအမို်းအစား (၁၂) မို်းထြက္ရိွထားျပီး () မို်းမွာ ေဈးကြက္ထဲတြင္ ေရာင္းခ်ေနေသးသည္။
•           အိုင္ဖုန္း (၂၀၀၇ - ၂၀၀၈)
•           အိုင္ဖုန္း ၃ဂီ် (၂၀၀၈ - ၂၀၁၀)
•           အိုင္ဖုန္း ၃ဂီ်အက္စ္ (၂၀၀၉ - ၂၀၁၂)
•           အိုင္ဖုန္း ၄ (၂၀၁၀ - ၂၀၁၄)
•           အိုင္ဖုန္း ၄အက္စ္ (၂၀၁၁ - ၂၀၁၄)
•           အိုင္ဖုန္း ၅ (၂၀၁၂ - ၂၀၁၃)
•           အိုင္ဖုန္း ၅စီ (၂၀၁၃ - ၂၀၁၅)
•           အိုင္ဖုန္း ၅အက္စ္ (၂၀၁၃ - ယေန့အထိ)
•           အိုင္ဖုန္း ၆ (၂၀၁၄ - ယေန့အထိ)
•           အိုင္ဖုန္း ၆ပလက္စ္ (၂၀၁၄ - ယေန့အထိ)
•           အိုင္ဖုန္း ၆အက္စ္ (၂၀၁၅ - ယေန့အထိ)
•           အိုင္ဖုန္း ၆အက္စ္ပလက္စ္ (၂၀၁၅ - ယေန့အထိ)


No comments:

Post a Comment