Sunday, April 6, 2014
Thermometer
သာမိုမီတာ
သာမိုမီတာ
အသုံးဝင်တဲ့ Android app လေးတစ်ခုပါပဲ
မိမိရောက်ရှိနေတဲ့ ပတ်ဝန်းကျင် နေရာရဲ့ အပူချိန်ကို ပြသပေးသလို  အသုံးပြုနေတဲ့ ဖုန်းရဲ့ အပူချိန်ကို လည်းသိရှိနိုင်တာကြောင့် ဖုန်း အပူချိန်လွန် ပြီး ပျက်စီးခြင်း မှ အချိန်မှိကာကွယ်နိုင်ပါတယ် ။ စင်တီဂရိတ် နှင့် ဖာရင်ဟိုက် နှစ်မျိုးစလုံး အလွယ်တကူ ကြည့်မြင်နိုင်ပါတယ်။ အင်နာလော့ ၊ ဒစ်ဂျစ်တယ် နှစ်မျိုး ကြိုက်ရာထားနိုင်ပါတယ်။ In/Out ဆိုပြီး ရွေး
Point of sale
Point of sale (POS) free version
POS software ဆိုတာ computer system ဖြင့် ကုန်ပစ္စည်းတွေကို စာရင်းသွင်းပြီး ရောင်းဝယ်တာပါပဲ ။
POS software တွေက လက်လီ လက်ကား အရောင်းဆိုင်တွေ အတွက် ကုန်ပစ္စည်း ရောင်းချတဲ့ဖက်မှာ လွယ်ကူအောင် ဦးစားပေးရေးသား ထားတာပါပဲ ။
ဒီ Software လေးကတော့ လက်ရှိကျွန်တော် ကိုယ်တိုင် အသုံးပြုနေဆဲပါ အဆင်ပြေတဲ့အတွက် မျှဝေလိုက်ပါတယ်။
Point of sale (POS) free version
Tuesday, April 1, 2014
My collecting circuits diagram.
Fire alarm using thermistor & NE555
Simple 100W inverter circuit
Water level controller circuit
Police siren using NE555
Monday, March 31, 2014
WiFi sharing Android & PC
Mobile Phone အသုံးပြုသူတွေ တော်တော်များများ Zapya application ကိုသုံးဖူးကြမှာပါ။
အခု version မှာတော့ Android Phone ကနေ သင့်ရဲ့ PC သို့ အပြန်ပြန်အလှန်လှန် File တွေကို Share လုပ်နိုင်ပါပြီ 
Thursday, March 27, 2014
Facebook error
ဒီနေ့ 27.03.2014
Facebook ပြဿနာတက်နေတဲ့ Android ဖုန်းတစ်လုံးကြုံရပါတယ်။
ဖြစ်ပုံက Facebook ကို apk နဲ့ သုံးနေတာပါ။ Account က Login ဝင်နေပြီး Post အသစ်တွေ ဝင်မလာ သလို ရေးလို့လဲမရပါဘူး ကြည့်လိုက်တော့ လွန်ခဲ့တဲ့ ၃ ရက်က Post တွေကိုပဲတွေ့ရပြီး နောက်ထပ် ဒီနေ့အထိ Post တွေပျောက်နေခဲ့ပါတယ်။ ပိုင်ရှင်ကိုယ်တိုင်ကလည်း နားမလည်တော့ ဒီအတိုင်းပြစ်ထားလိုက်တဲ့ သဘောပါပဲ
အခြား သတင်း apk တွေမှာ သတင်းအသစ်တွေ ဝင်နေတဲ့ အတွက် Internet data လိုင်းကောင်းတယ်လို့ ယူဆရပါတယ်။
          အဲဒါနဲ့ application error များဖြစ်နေမလားဆိုပြီး APK အသစ်ထပ်ပြီး Install လုပ်ကြည့်ပါတယ် Login ဝင်မရတော့ပါဘူး။
ပြဿနာရဲ့ အဓိက အကြောင်းတွေ့ပါပြီ Android ဖုန်းရဲ့ Date & Time လွဲမှားမှုပါပဲ ။ မှားလို့မရပါဘူး  ဘာကြောင့်လဲဆိုတော့ Facebook က တင်သမျှ Post တွေ Photo တွေကို Date & Time နဲ့ တွဲပြီး မှတ်သားသိမ်းဆည်းထားလို့ဖြစ်ပါတယ်။ ပုံမှန်ဆိုရင် Date & Time လွဲနေရင် Login ဝင်မရပါဘူး ။ ဖြစ်နိုင်တာက Login ဝင်ပြီးသား အနေအထားမှာ Date & Time ပြောင်းလဲမှု ဖြစ်သွားလို့ပါပဲ။
Date & Time ကိုမှန်အောင်ပြန်ချိန်ပြီး Setting > Application manager > Facebook > Clear data လုပ်ဖို့လိုပါတယ်။
Internet data ကိုဖွင့်ပြီး Login ပြန်ဝင်လိုက်ပါတယ်။ အဆင်ပြေသွားပါပြီ။
          Android version 2.3 တွေက  Facebook 3.6 နဲ့ အဆင်ပြေပါတယ်။
Tuesday, March 25, 2014
Viber error
Viber ပြဿနာ အဖြေရှာ
25.3.2014 
ဒီနေ့မိန်းကလေးတစ်ယောက်အကူအညီတစ်ခုတောင်းလာပါတယ်
“အကိုရေ ညီမ Viber ကလေ ဟိုဖက်က ပို့တဲ့ပုံတွေ စာတွေ မရဘူး ဒါပေမယ့် တခြားသူတွေ ပို့တာတွေတော့ရတယ်”
အဲဒါနဲ့ Block လုပ်ထားမိသလားမေးတော့ မလုပ်တက်ကြောင်းဖြေပါတယ်။
စက်ကို စစ်ဆေးကြည့်တော့  Viber version 3.0.2.5  ဆိုတော့ Viber version တော်တော်နိမ့်နေတာ တွေ့ရပါတယ်။ ဖြစ်နိုင်ခြေက တစ်ဖက်က Version မြင့်နေပါလိမ့်မယ်။ ဒါကြောင့် ဒီဖက်က Viber  version မြှင့်ဖို့လိုအပ်နေပါပြီ  4.2 နဲ့ Update လုပ်ပေးလိုက်ရာ အဆင်ပြေသွားပါတယ်။ Android version 2.3.6 မှာ Viber version 4.2 တင်လို့ရတာကိုတွေ့ရပါတယ်။
ဒါကြောင့် Viber version နိမ့်နေသူများ မြှင့်ဖို့လိုအပ်နေတာကို သတိပြုစေချင်ပါတယ်။
Viber version 4.2 Download ယူနိုင်ပါတယ် ဒီ version မှာ Block လုပ်လို့ရတဲ့ စနစ်ပါဝင်လာပါတယ်။
26.3.2014 ဒီနေ့ Viber version 4.3 ရလို့ ထပ်တင်ပေးလိုက်ပါတယ်။ Download
Monday, February 24, 2014
Photo Comment ပေးလို့ရတဲ့ Facebook Apk
  Facebook Apk နဲ့ Photo comment ပေးချင်သူများအတွက်  Version 8.0.0.0.4 မှာ အဆင်ပြေသွားပါပြီ ။ အရင် 8.0.0.0.2 မှာ Share လုပ်ရင် Error တက်ပါတယ် ။ တချို့တွေ  Install လုပ်ပြီး photo comment မပေါ်ခဲ့ရင် install မလုပ်ခင် သတိပြုရမယ့် အချက်က လက်ရှိ Apk ကို Clear Data ပြီးရင် uninstall လုပ် ပြီးမှ Version 8.0.0.0.4 ကို Install လုပ်ရပါမယ်၊၊ စက်တိုင်းတော့ မဟုတ်ပါဘူး တချို့တွေ Update install နဲ့ အဆင်ပြေပါတယ်။
Dropbox Download
WhatsApp သုံးကြည့်ရအောင်
WhatsApp ကို Facebook က ဒေါ်လာ ၁၉ ဘီလျှံပေးဝယ်တာ သူ့မှာ အားသာချက်တွေ ရှိနိုင်ပါတယ်
အင်အားကြီး လာတဲ့ Viber ကို ကာကွယ်ဖို့ ပြင်ဆင်လိုက်တဲ့ သဘောပါပဲ၊ အခု စမ်းသပ်သုံးကြည့်ရသလောက် install လုပ်ရတာ လွယ်ကူပါတယ် viber လို code ပြန်ထည့်ဖို့ မလိုပါဘူး။
Photo, Video, Audio, Location, Contact တွေကို ပို့နိုင်ပါတယ်။
Facebook ရဲ့ CEO Mark Zuckerberg က “ WhatsApp ဟာသုံးစွဲသူ User ၁ဘီလီယံနဲ့အမြဲထိတွေ့နေ တဲ့ App တစ်ခုဖြစ်ပြီးယင်း ကုမ္ပဏီကိုပိုင်ဆိုင်ခြင်း ဟာကြီးမားပြီး အဖိုးမဖြတ်နိုင်တဲ့အရာတစ်ခုကိုပိုင်ဆိုင်နိုင်ခဲ့တာဖြစ်ပါတယ် “ လို့ဖြေကြားသွားခဲ့ပါသည်။
လက်ရှိမှာတော့ WhatsApp ဟာ Independent ကုမ္ပဏီတစ်ခု အဖြစ်တည်ရှိနေအုံးမှာဖြစ်ပြီး ဖေဖော်ဝါရီလ ၉ရက်နေ့ကျမှသာ ကုမ္ပဏီနှစ်ခုအပြီးသတ်ပူးပေါင်းသွားမှာဖြစ်ကြောင်းပြောဆိုထားသည်။
Dropbox Download
1 Mobile Doanload 
Monday, February 10, 2014
Window 8.1 Activator
Window 8.1 pro CD ဝယ်ပြီး သူ့မှာပါတဲ့  Activator နဲ့ Active လုပ်တာ မရတာနဲ့ Google ကနေ Activator တွေ  ရှာပြီး စမ်းကြည့်လိုက်တာ ဒါလေးနဲ့ အဆင်ပြေသွားပါတယ်။ Download ဆွဲခဲ့တဲ့ဆိုက်ကို မမှတ်မိတော့လို Dropbox ကနေပြန်တင်ပေးလိုက်ပါတယ် ။
File Size ကလည်း 20KB ပဲရှိတာကြောင့် အလွယ်တကူ download ယူနိုင်ပါတယ် ။ အဆင်ပြေပါစေ။
https://www.dropbox.com/s/530w3ang94pw68y/Windows%208.1%20Activator.rar