Thursday, March 21, 2013

တရုတ်နိုင်ငံလုပ် MicroSD အတုများအကြောင်း


ယခုအခါ Mobile Phone များအသုံးများလာသည့်နှင့်အတူ တွဲလျက် MicroSD  များလည်းမဖြစ်မနေထည့်သွင်းအသုံးပြုကြရပါသည်။ အသုံးများသော 2G, 4G, 8G MicroSD OR USB များအကြောင်းပြောလိုပါသည်။ ဈေးကွက်တွင် အာမခံနှင့်ရောင်းသော ကဒ်များသာဝယ်ယူသုံးစေချင်ပါသည်၊ ဈေးအလွန်သက်သာသော ကဒ်များဟာ ဥပမာ 2G=1024MB ရှိရမည်ဖြစ်သော်လည်း  128MB သာရှိပါသည် အလားတူ 4G မှာလည်း 256MB သာဖြစ်နေတက်ပါသည်။ ပေးရသည့်ငွေထည့်မတွက်ဘူးဆိုလျှင်တောင် မိမိထည့်သွင်းလိုက်သည့် DATA များဆုံးရှုံးသွားမှာ ကိုတော့သတိပြုရပါမည်။ 
          အသုံးပြုခါစမှာတော့ DATA မများသေး၍ Error မပြသော်လည်း တကယ်လက်ခံနိုင်သည့် DATA ထက်ကျော်လွန်လာပါက သုံးမရတော့ပါ။ Format ပြန်ရိုက်ရပါသည်။ တချို့လည်းမရပါ။
          မိမိဝယ်လာသည်မှာ 8GB ဆိုပါစို့ တကယ်လက်ခံနိုင်သည့် DATA မှာ 2GB ဖြစ်နေခဲ့လျှင် ဒီလိုနဲ့မသိပဲ သုံးနေစဉ် 2GB မကျော်သေးသ၍ Error မပြပါဘူး 2GB ကျော်လွန်၍ ထည့်သွင်းအသုံးပြုလိုက်သည့်အခါမှသာ ထပ်ထည့်လိုက်သည့် Data များမရောက်ခြင်း၊ ရှိပြီးသား Data များပျက်စီးခြင်း အမျိုးမျိုးကြုံရပါမည်။
စစ်ဆေးနည်း   
Software ဖြင့်ပြင်ရေးထားသောကြောင့် computer ဖြင့်ကြည့်လျှင်လည်း အမှန်မပေါ်ပါ။ အကောင်းဆုံးစမ်းသပ်နည်းကတော့ mp3 music များဖြင့်ထည့်၍ စမ်းကြည့်ပါမည်။ mp3 တစ်ပုဒ်လျှင် 4MB ခန့်ရှိသောကြောင့် သီချင်းပုဒ်ရေ 25 ခန့်သာဆံလျှင် 128MB  50 ခန့်သာဆံလျှင် 256MB
ပုံစံဖြင့်
    1.    128MB =25mp3
    2.    256MB =50mp3
    3.    512MB =100mp3
    4.    1GB     =200mp3
    5.    2GB     =400Mp3
    6.    4GB     =800Mp3
    7.    8GB     =1600mp3
DATA သိုလှောင်မှုမမာဏသည် ဘိုင်နရီကိန်းများဖြစ်သောကြောင့် နှစ်ဆတိုးသွားသည်ကို သတိပြုရပါမည်။ ဆိုလိုတာက 3GB,6GB,7GB ဆိုပြီးထုတ်လုပ်၍မရပါ ။ ဒါကြောင့် သီချင်းပုဒ်ရေ ၃၀၀ခန့် အသုံးပြုလို့ရလျှင် 1GB ကျော်လွန်အသုံးပြုနိုင်ပြီဖြစ်သောကြောင့် 2GB အပြည့် ဖြစ်တဲ့ mp3 အပုဒ်ရေ 400 450 ခန့် အထိသေချာပေါက်ထည့်သွင်းအသုံးပြုနိုင်ပါပြီ။ 

No comments:

Post a Comment