Thursday, March 27, 2014

Facebook error

ဒီနေ့ 27.03.2014
Facebook ပြဿနာတက်နေတဲ့ Android ဖုန်းတစ်လုံးကြုံရပါတယ်။
ဖြစ်ပုံက Facebook ကို apk နဲ့ သုံးနေတာပါ။ Account က Login ဝင်နေပြီး Post အသစ်တွေ ဝင်မလာ သလို ရေးလို့လဲမရပါဘူး ကြည့်လိုက်တော့ လွန်ခဲ့တဲ့ ၃ ရက်က Post တွေကိုပဲတွေ့ရပြီး နောက်ထပ် ဒီနေ့အထိ Post တွေပျောက်နေခဲ့ပါတယ်။ ပိုင်ရှင်ကိုယ်တိုင်ကလည်း နားမလည်တော့ ဒီအတိုင်းပြစ်ထားလိုက်တဲ့ သဘောပါပဲ
အခြား သတင်း apk တွေမှာ သတင်းအသစ်တွေ ဝင်နေတဲ့ အတွက် Internet data လိုင်းကောင်းတယ်လို့ ယူဆရပါတယ်။
          အဲဒါနဲ့ application error များဖြစ်နေမလားဆိုပြီး APK အသစ်ထပ်ပြီး Install လုပ်ကြည့်ပါတယ် Login ဝင်မရတော့ပါဘူး။
ပြဿနာရဲ့ အဓိက အကြောင်းတွေ့ပါပြီ Android ဖုန်းရဲ့ Date & Time လွဲမှားမှုပါပဲ ။ မှားလို့မရပါဘူး  ဘာကြောင့်လဲဆိုတော့ Facebook က တင်သမျှ Post တွေ Photo တွေကို Date & Time နဲ့ တွဲပြီး မှတ်သားသိမ်းဆည်းထားလို့ဖြစ်ပါတယ်။ ပုံမှန်ဆိုရင် Date & Time လွဲနေရင် Login ဝင်မရပါဘူး ။ ဖြစ်နိုင်တာက Login ဝင်ပြီးသား အနေအထားမှာ Date & Time ပြောင်းလဲမှု ဖြစ်သွားလို့ပါပဲ။
Date & Time ကိုမှန်အောင်ပြန်ချိန်ပြီး Setting > Application manager > Facebook > Clear data လုပ်ဖို့လိုပါတယ်။
Internet data ကိုဖွင့်ပြီး Login ပြန်ဝင်လိုက်ပါတယ်။ အဆင်ပြေသွားပါပြီ။
          Android version 2.3 တွေက  Facebook 3.6 နဲ့ အဆင်ပြေပါတယ်။


No comments:

Post a Comment